ဘ၀ ဆိုတာ ဘယ်လိုမျိုးလဲ??? လူတွေအားလုံးက ဘ၀ကိုပုံစံ အမျိုးမျိုးနဲ့ အဓိပ္ပယ်ဖွင့်ကြပါတယ်
လူ ဆိုတာဖြစ်လာတာနဲ့ အမှု မျိုးစုံကို ကြုံတွေ့ ရပါတယ် ပျော်စရာ၊၀မ်းနည်းစရာ၊ အံ့သြစရာ တွေနဲ့ ရောနှောနေတာကို သဘာဝပါပဲလို့ ပြောကြပါတယ် အဲ့တာက ဘ၀လား ?
ဘုရားရှင်က ဒီလို ဇာတ်က သလို ဖြစ်ချင်တိုင်းဖြစ် ပျက်ချင်းတိုင်းပျက်တဲ့ သဘာဝတရားကို ရင်ဆိုင်နိုင်အောင်
လက်ခံနိုင်အောင် တရားနဲ့ ဆုံးမပါတယ် အဲ့ဒီတရားကို ဘယ်လောက်ဖတ်ဖတ် ဘယ်လောက်နာယူယူ စိတ်မထားတတ်ရင် ဖြစ်ပျက် ဓမ္မတာကို ခံစားနေကြစဲပါပဲ
ခုလည်း လောကကြီး ရဲ့ ကံဆိုတဲ့ ဇာတ်ဆရာ ကခိုင်းတဲ့ ဇာတ်ကိုမကနိုင်လို့ နှုတ်ထွက်လိုက်ချင်တယ်
ပျော်နေတဲ့အချိန်မှာ သတ္တိတွေ ရှိလာတယ် ပြောရဲတယ် ဆိုရဲတယ် စိတ်ကတက်ကြွနေတာကိုး
ပြောချင်လုပ်ချင်စိတ်တွေနဲ့ပေါ့
ဝမ်းနည်းနေရင်ကော ပြောချင်စိတ်တောင် ရှိခဲတယ်ပေါ့... တကယ်တမ်း စိတ်ညစ်နေရင် ဘာတွေလုပ်သင့်လဲ
ဒိုင်ယာရီ ရေးတိုင်း ပျောက်နိုင်မယ်လား သီချင်းနားထောင်တာနဲ့ကော မေ့ပျောက်နိုင်မလား
ဖြစ်လာသမျှကို သက်နိုင်ရင် အလျင်အမြန်ရင်ဆိုင်ပြီး ဖြေရှင်းလိုက်တာ ကောင်းတယ်လို့ပြောတယ်
ဖြေရှင်းတိုင်း မပြီးတဲ့အမှုတွေလည်းရှိတာပဲ
ဖြေရှင်းလို့တော့ပြီးပြီ ဒါပေမဲ့ ရှင်းလိုက်တဲ့ထဲ ကိုယ့် အိပ်မက်တွေပါသွားတယ် ဒီလိုဖြစ်မှာကို စိုးထိတ်ပါတယ်
အဲ့လိုချိန်မျိုး သူငယ်ချင်း သို့မဟုတ်ချစ်သူရဲ့ အားပေးမှု လိုတယ်လို့ ပြောကြပါတယ်
ဒါပေမဲ့ လူသားတိုင်းလိုလို ပြဿနာဖြစ်တဲ့ချိန်တိုင်းမှာ တစ်ယောက်တည်းဖြစ်နေတတ်တာများပါတယ်
ဖြစ်ချင်တာနဲ့ဆန့်ကျင် နေတာက ဘ၀လား ......................
ဖြစ်သင့်တာတွေ မဖြစ်လာတာတွေကကော ဘ၀ပဲလား .................
မဖြစ်ချင်တာတော့ ဖြစ်ဖြစ်နေတာ ဓမ္မတာလိုပါပဲ ....................
ဒါတွေအားလုံးက ဘ၀ရဲ့အဓိပ္ပယ်လား .................
Tuesday, January 6, 2009
Subscribe to:
Posts (Atom)